မင်းချစ်သူ

Sunday, March 21, 2010

ရင်တွင်းဖြစ်ကဗျာများစုစဉ်းမှု

ငါ့ ကိုမချစ်သေူာ ငါ့ရဲ့ချစ်သူ

ငါချစ်သလောက်ငါ့ကိုမချစ်တဲ့နင်
နင်မုန်းသလောက် ငါကနင့်ကိုဘာကြောင့်စွဲလန်းနေရတာလဲ
ငါ့ကိုငါလဲ နားမလည်နိုင်တော့ဘူး..........

နင့်ကိုချစ်လို့ နင့်အပြစ်တွေကိုခွင့်လွတ်ခဲ့တာ
နင့်ကိုနင်အထင်မကြီမိပါစေနဲ.................
နင်တကယ်ချစ်တဲ့သူနဲ့တွေ့ရင်နင်ဘဲစိတ်ဆင်းရဲရမယ်

နင့်ကိုချစ်လို့ငါ မိဘစကားကိုလွန်ဆန်ခဲတာ
နင့်ကိုနင် ဟုတ်လှပြီမထင်နဲ့......................
နင်တကယ်ချစ်တဲ့သူနဲ့တွေ့ရင် မိဘစကားကိုနားထောင်လာတဲ့နင်
မိဘကိုအထင်လွဲ အပြစ်တင်နေမိလိမ့်မှာကို ငါကြိုသိနေတယ်

နောက်ဆုံးတော့လဲ နင်ငါ့ကိုထားခဲ့တာပါဘဲလေး
သြော်........ငါ့အချစ်ကိုလက်မခံတဲ့နင်ကိုငါတော်တော်လေးစိတ်နာမိတယ်ဟာ.......
ကဗျာတစ်ပုဒ်ဖြစ်အောင်ကြိုးစားရေရတာမို့
အမှားပါရင်ခွင့်လွတ်ကြပါလို့တောင်းပန်ပါတယ်..............

မသေချာတဲ့ချစ်သူသို.

ချစ်မိပြီဆိုကတည်းက ..............
တမ်းတဖို့ဖြစ်လာပြီ.............
မင်း ရီတဲ့ ရယ်သံလေးက............
ငါ့ကို အလွမ်းတွေပေးပေါ့...........
မင်းအပေါ် စွဲလမ်းစိတ်နဲ့ ...............
တိတ်တိတ်ကလေး အမြစ်တွယ် ................
ချစ်တယ်ပြောဖို့လဲ .............
မ၀ံ့ရဲသေးဘူးကွယ်............
အစကတည်းက ...............
နီးစပ်ခဲ့ကြတာမဟုတ်ပေမယ့် ..............
ဝေးနေရတာကြီးကို စိတ်နာတယ်........................။

ငါ့ကို မချစ်ပါနဲ့

ငါ့ကို မချစ်ပါနဲ့
နှလုံးသားကို ပတ္တမြားနဲ့ထုဆစ်
ကျောက်ကပ်ကို စိန်စီ
အသည်းမှာ ပုလဲကိုခြယ်မှ
အချစ်ဆိုတာ စံချိန်မှီမှာတဲ့လား ........

မင်းနဲ့ငါ လျှောက်မဲ့ခရီး
ရွှေလမ်းတွေ အပြည့်ခင်းပြီး
ငွေမိုးတွေ ရွာချမှ
အချစ်ဆိုတာ လှပမှာလား ........

အောင်မြင်မှုကို ဆုပ်ကိုင်
ကျော်ကြားမှုကို အလံထူပြီး
ထည်ဝါမှုကို ပိုင်ဆိုင်မှ
အချစ်ဆိုတာ ခိုင်မြဲမှာလား .......

ဒီလိုဆိုရင်တော့ကောင်လေးရေ
ငါဟာ အရောင်မရှိ အဆင်းမရှိ
အနံ့မရှိ အရသာမရှိတဲ့
ရေလို လူမျိုးမို့

ဝမ်းနည်းပါတယ်ကွာ
ကျေးဇူးပြုပြီး ငါ့ကိုမချစ်ပါနဲ့ ..............

(၁၅၀၀) လိုကိလေသာ စိတ်မပါဘူး (၅၂၈) လို ဖြူစင်တဲ့ အချစ်လိုပဲ... ချစ်တာပါ

ချစ်သူ...............

မင်းရဲ့ အပြုံးတစ်ချက်

မင်းရဲ့ စကားတစ်ခွန်း

မင်းရဲ့ မျက်ဝန်းအကြည့် တစ်ချက်

ဟာ....................................

ကိုယ့်ဘဝ တစ်ခုလုံးကို.............

တုန်လှုပ်သွားစေခဲ့တယ်။

မင်းကို ချစ်တဲ့........

ကိုယ့် အချစ်ဟာ

(၁၅၀၀) လိုကိလေသာ စိတ်မပါဘူး

(၅၂၈) လို ဖြူစင်တဲ့ အချစ်လိုပဲ...

ချစ်တာပါ

ချစ်သူရယ်.................။

ဒါပေမဲ့.........

ကိုယ်ချစ်သလို မင်းကိုယ်ကိုပြန် ချစ်မယ်ဆိုရင်

ဒီကမ္ဘာမှာ ကိုယ့်ဟာ

အပျော်ဆုံး လူသားဖြစ်သွားမှာပါ။

ချစ်သူရယ်..................

Monday, March 1, 2010

ရနံ

ကမ္ဗည်း ကျောက်စာဆိုတာ။
မေ့ချင်အောင်ဆောင်နေသူတွေအတွက်။
ဘာမှအ၇ာမရောက်ပါ။..........



ဒါကြောင့်
နေ့ ထူးနေမြတ်တွေ....အကုန်လုံး
မင်းယူပါ။........




ခွဲခွာခဲ့ရတဲ့
နေ့ ဆိုးတစ်ခုကိုတော့......
ငါကိုယ့်ပိုင်ပစ္စည်းအဖြစ်။.......
ငါ...သိမ်းထားပါရစေ.....



သွားပုပ်လေလွင့် ပြောတာတော့
မဟုတ်ပါဘူး။..........


အသည်းနှလုံးများရဲ့ ရာဇ၀င်မှာ.......
အချစ်ကို
အခြားအရာနှင့်ကမ္ဗည်းထိုးလိုမ၇။



သတိရခြင်းကသာ...မေ့မရခြင်းများသာ.......။
အထင်ရှားဆုံး ကျောက်စာတိုင်သာဖြစ်တယ်......။

မောင်သိစေချင်တဲ့ချစ်သူအကြောင်း...........

မိန်းခလေးဆိုတာ..အားငယ်တတ်ပါတယ်..မောင်..ရယ်..
ချစ်တဲ့သူရှေ့ဆိုပိုပြီးအားးငယ်တတ်ပါတယ်..
အားကိုးချင်တဲ့သဘောပေါ့..မောင်..

မိန်းခလေးတွေစိတ်ကောက်တယ်ဆိုတာလဲ..မောင်ရယ်..
ချစ်လို့ပါပဲ.. ..ကိုယ့်ချစ်သူရဲ့အချော့
ချစ်သူရဲ့အယုအယ..ကိုခံယူချင်လို့ ချစ်သူကိုစိတ်ကောက်ကြတာပါ..
ချစ်သူစိတ်ကောက်ရင်..မောင်မငြိုငြင်ပါနဲ့နော်..
ချစ်သူစိတ်မကုန်အောင်သာ..မောင်ဂရုစိုက်ပါ..
ချစ်သူလဲ မောင့်ကိုစိတ်မကုန်ချင်ဘူး မောင်..

မောင့်ကိုထာဝရချစ်ချင်တဲ့
ချစ်သူ..

မပြီးသေးဘူး

အမြဲတမ်းလဲရှုံးနိမ်.နေမှာမဟုတ်သလို
အမြဲလဲမအောင်မြင်နိုင်ပါဘူး
ငါရှူံးနေတာတွေများလေလေ
ငါမှာအောင်မြင်ဖို့နီးစပ်လေပါ
်ဒါပေမယ်.သူများထက်စာရင်
ငါနဲနဲရှုံးနေတာပဲ
ငါရှုံးရှုံးနိုင်နိုင်
ဘာဖြစ်လဲဒီအတိုင်းနေလဲ
လူဆိုတာအချိန်တန်ရင်သေမှာပေါ.

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက အာဇာနည်နေ့ကျင်းပ


ksna
ALP နှစ် (၃၀) မြောက် အာဇာနည်နေ့အခမ်းအနား၌ ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် မိန့်ခွန်းပြောကြားစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးသည့် နှစ် (၃၀) ပြည့် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်၌ ယနေ့ကျင်းပသည်။

“ရခိုင်သူရခိုင်သားတွေ၊ ရဲဘော်တွေ၊ ပါတီဝင်တွေအနေနဲ့ ဥက္ကဋ္ဌခိုင်မိုးလင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ သတ္တိ ပြောင်မြောက်စွာ တိုက်ပွဲဝင်မှုတွေကို စံနမူယူပြီးတော့ သူ့လိုသူရဲကောင်းတွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနားကို လုပ်ရခြင်းဖြစ်တယ်” ဟု ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကပြောသည်။


ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်သည် ရခိုင်ပြည်နယ်၌ အခြေစိုက်နိုင်ရန် ကေအန်ယူထိန်းချုပ် နယ်မြေမှ ၁၉၇၆ ခု ဇွန်တွင် စတင်ချီတက်ခဲ့ရာ မိုင်ပေါင်း (၂,၀၀၀) ကျော်ခရီးဖြတ်သန်းပြီးနောက် ချင်းပြည်နယ်အရောက်တွင် မဆလတပ်ဖွဲ့များ၏ ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ဥက္ကဋ္ဌခိုင်မိုးလင်းသည် လက်နက်ချအညံ့မခံဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ဥက္ကဋ္ဌခိုင်မိုးလင်း အာဇာနည်ပီပီ ကျဆုံးသွားခြင်းသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အတွက် တန်ဖိုး မဖြတ်နိုင်သည့် ဆုံးရှုံးမှုကြီးပင်ဖြစ်သည်ဟု ALP ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

“ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရန်သူ့ထံမှာ ဒူးထောက်အညံ့မခံဘဲ တိုက်ပွဲဝင်သွားတယ်။ နောက်တခါ မကျဆုံးခင်ကလည်း ကိုယ်ကျိုးမဖက်ဘဲ စွမ်းစွမ်းတမံကြိုးပမ်းခဲ့တယ်။ စစ်ဦးစီးချုပ် တယောက်အနေနဲ့ ရဲဘော်တွေနဲ့အတူ ရှေ့တန်းနယ်မြေတွေမှာ လက်တွဲတိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့်လည်း ကျနော်တို့ပါတီက အာဇာနည်အဖြစ် သတ်မှတ်တာဖြစ်တယ်” ဟု ခိုင်စိုးနိုင်အောင်ကပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးမြင့်သိန်းက “ဗိုလ်မှူးခိုင်မိုးလင်းဟာ ရခိုင်ပြည်သူတရပ်လုံး အခွင့်အရေးတွေ ဆုံးရှုံးနေတာကို ပြန်လည်ရရှိအောင် အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ နောက်တခုက သူ
ကိုယ်တိုင် တပ်ကို ဖွဲ့တယ်။ ရဲဘော်တွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်တယ်။ တကယ့်ကိုလေးစား
ထိုက်တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်” ဟုပြောသည်။

ALP ဥက္ကဋ္ဌ ခိုင်မိုးလင်း၏ ရန်သူကို အညံ့မခံမှု၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှု
တို့သည် ရခိုင်အမျိုးသားများအတွက်သာမကဘဲ တော်လှန်ရေးအင်အားစုများအတွက်ပါ ဂုဏ်ယူ တန်ဖိုးထားရမည့် လုပ်ရပ်များဖြစ်သည်ဟု ၎င်းကပြောသည်။


လူတစ်ယောက်အတွက်အဓိကတော့ရည်မှန်းချက်ပါပဲ့၊ ရည်မှန်းချက်မရှိတဲ့သူက ရှင်လျှက်နဲ့သေနေသူပါ၊ လိုအင်ဆန္ဒနဲ့ပြည့်စုံပါစေ။

Marquee

ကဗျာချစ်သူများအတွက်

ဒေါင်းအိုးဝေ ကဗျာများ
သားအတွက်အဖေ့အိမ်
လားလေးကောင် ကန္တာဖြတ်
မျှော်လင့်ချက် မနက်ဖြန်
“ရွေ့ပြောင်းတောင်ယာ”
အကယ်ဒမီ
င၀န်ချောင်းဖျားမှာ ကပ်ကြီးဘေးကြီးဆိုက်တဲ့ခါ
အမွေဆိုင်
အရုဏ်ဦးကို ဖက်ပွေ့ခြင်း
သေတမ်းစာ
ဧည့်ကြိုပွဲ
ကျောင်းတက်ဖော်
ပန်းသီတဲ့ကြိုး
မွေ့လျော်တေး
စပါတာကတ်ထံမှ ငှားရမ်းခြင်း
စမ်းမြရေ သို့မဟုတ် ကြွေတာကိုကပွင့်ခြင်းပဲ
နိယာမ
ဆူး
သမီးလေးအတွက် အမှတ်တရ
သူ
အမေ
ဗုဒ္ဓသည် အမျှဝေလျှက်
ငါတို့ တပ်ဦး
ငါတို့ရဲ့တော်လှန်ရေး
တပ်ဦးမှသူရဲကောင်းမ
ကြယ်အသင်္ချေလက်နေတယ်
ဇွန်ရဲ့စိန်ခေါ်သံ
… ထဲမှာ
စစ်မီးလျှံထဲကပြည်သူ
ကမ္ဘာကျော်မြန်မာဒေါင်း
ကျနော်နဲ့ ကျနော့်ရဲ့ လွယ်အိတ်လေး
မဲဆောက်
လှိုင်း
တောင်ကျချောင်းတေး ... အနှစ် (၂၀)
ညမတွန်တဲ့ ... ည (၂၀)
ည ...
မမြင်နိုင်သော ...
နဒီသစ္စာ
ပန်းတပွင့်ကို ထမ်း၍
သစ္စာသေသော်
ဒေါသမြစ်တစင်း၏ သေတမ်းစာ
ရင်ကျိုးအင်း တစ္ဆေ
မုန်တိုင်း လာသွားခဲ့တယ်
မှတ်တမ်းဟောင်း
နာဂစ်
နေ့သစ် တောင်ယာ



ဒေါင်းတွန်သံ
လူထု မိခင်
ညထဲက သတို့သမီး
တင်မိုးမော်ကွန်း
အနာဂတ်အခင်းအကျင်း
သူပုန်ထမယ်
အလင်းရှင်များ
ခရီးပြင်းကြယ်စင်
တော်လှန်ပန်းသစ်
နေ့သစ်
ပြည်ဖုံးကားမချသေး
တမာပွင့်မှ ဒပ်ဖေဒယ်သို့...
ရန်ကုန်
ပန်းပွင့်မျက်နှာ
သင်္ခါရနှင့်စစ်ထိုးရန်
နီးစေလိုသူများ သို့...
အလိုအပ်ဆုံးတရား
ပဉ္စလက်
ဆိုခဲသောစကားတို့ဖြင့် သီဖွဲ့မြဲစေအပ်သော...
အမိမြန်မာပြည်သို့
မဟူရာထဲက အလင်းစက်
ရေခတ်တယ်
ကျဆုံးမယ့်မိစ္ဆာဆိုးများအား စိန်ခေါ်ခြင်း
ဖြစ်ခြင်းဖြစ်လျှင်
ဘုရားတကြသူများ
ခွပ်ဒေါင်းသက်သေ
လူ့သစ်ခေါင်းပေါက် သီအိုရီ
လေးဆယ့်ငါးရာသီ (၃)
ယူနီဗာစီတီဘွဲ့ လေးချိုးကြီး
ကျဆုံးသူတွေ ဘယ်သူလဲ
ကြယ်ကြွေညရဲ့ မနက်ဖြန်
ရှင်သန်နေမယ့် ၀ိဥာဉ်
ဆေးမင်ကြောင်ကို လှီးထုတ်သူများ
မော်ဒန်ပုဏ္ဏာများ
စည်း
မဟာမှိုင်းရဲ့အမွေ
ပကတိကျေးလက်
သစ္စာအခင်းအကျင်း နှစ်
ပက်လက်လန်တဲ့နေ့တွေ
ပွဲတော်တွေနဲ့ဝေတဲ့ကောင်းကင်
နှစ်မွန်းခဲ့သောနေ့ရက်များ
ရင်ပွင့်ပန်း
ကြိုးစင