မင်းချစ်သူ

Thursday, March 25, 2010

လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား


၂၀၁၀ ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရား မျှတစွာ” ကျင်းပပေးမည်ဟု ပြောချက်အပေါ် သံသယရှိသော နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ စစ်အစိုးရကို မကြာသေးခင် လများအတွင်း ဖိအားပေးခဲ့ကြသည်။

[၂၀၀၈ ခုနှစ် လူထုဆန္ဒ ခံယူပွဲကာလ မဲရုံတခု မြင်ကွင်း] နိုင်ငံတကာ ယုံကြည်မှုကို ရရှိစေမည့် ရွေးကောက်ပွဲ ဖြစ်စဉ်တခု၏ အခြေခံကျသော ညွှန်းကိန်းများမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေးနှင့် နိုင်ငံရေး ပါတီများ အားလုံး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးပင် ဖြစ်သည်ဟု လေ့လာ သူများက ပြောဆိုကြသည်။

ယုံကြည်ထိုက်ပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန်၊ အတိုက်အခံ အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးဆောင် ဦးရွက်ပြုရန် မြန်မာ အစိုးရတွင် တာဝန်ရှိသည်ဟု စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြန်လည်သင့်မြတ်ရေးသည် ဦးစားပေးလုပ်ဆောင်ရမည့် အရာအဖြစ် ကာလကြာရှည်စွာ ရှိလာသည့် အတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် အရေးကြီးပြဿနာရပ် အတော်များများကို မြန်မာ့အရေး လေ့လာသူများက ရှေ့တန်းတင် ပြောဆိုမှု အလွန် နည်းပါသည်။

ဥပမာပြရလျှင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့်တွေ့ဆုံစဉ် ဖွဲ့ဖြိုးဆဲ နိုင်ငံများ၊ ကုလသမဂ္ဂအရာရှိများကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပေးမည်ဟု ပြောခဲ့သည်။

သို့ရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာမှ လေ့လာသူများကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ အစကတည်းက နိုင်ငံအနှံ့တွင် စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။

အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခြင်းနှင့် ၎င်းအခွင့်အရေးကို မမှန်မကန် တလွဲ အသုံးချခြင်းအကြား နယ်နိမိတ်စည်းသည် မကြာခဏ ဆိုသလို ပြတ်သားမှု မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ပါတီဘက်မှ ဘက်မလိုက်သောရပ်တည်ချက်ထားပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး အတွက် အဓိက ကျသော စံနှုန်းများကို လူထုအကြား စတင် ပညာပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ရွေးကောက်ပွဲတခုကို လူအများကယုံကြည်လက်ခံခြင်းသည် ထိုရွေးကောက်ပွဲကို ကျင်းပပေးသောအဖွဲ့၏ စီမံ ခန့်ခွဲမှုပေါ်တွင် များစွာ မူတည်ပါသည်။ ထိုအဖွဲ့သည် လွတ်လပ်မှုရှိရမည်ဖြစ်ပြီး ဘက်လိုက်မှုလည်း ကင်းရပါမည်။

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်ကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဗဟို ရွေးကောက်ပွဲကော်မရှင် လက်အောက်တွင် ပြည်နယ်နှင့်တိုင်းအဆင့် ကော်မရှင် ၁၄ ခု၊ ခရိုင်အဆင့် ကော်မရှင် ၅၀ ခု၊ မြိုနယ်အဆင့် ကော်မရှင် ၃၁၇ ခု၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင် ၁၄၉၉၂ ခု တို့ကို ဖွဲ့စည်းထားသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့အစည်းနောက်ခံ ကင်းရှင်းသည့် အငြိမ်းစား အစိုးရအရာရှိကြီးများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ကော်မရှင်အပေါ် အများ၏ ယုံကြည်အားထားမှု အလွန်နည်းပါးခဲ့သည်။ အကြောင်းရင်းမှာ ထိုကော်မရှင်သည် စစ်အစိုးရ၏ သြဇာခံဖြစ်ပြီး လွတ်လပ်မှုမရှိသကဲ့သို့ ဘက်လိုက်မှုလည်း ကင်းမည်မဟုတ်ဟု ပြည်သူများက ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။

သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် တရားမျှတသော ရလဒ်များ ထွက်ရှိခဲ့သည်။ ပြည်တွင်းပြည်ပကလည်း အသိအမှတ် ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အခြေခံအကြောင်းရင်း ၃ ခုမှာ စစ်အစိုးရ အပေါ် ပြည်သူလူထု၏ မကျေနပ်မှု မြင့်မားနေခြင်း၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကြာ ကာလအတွင်း အောက်ခြေ ပြည်သူလူထု ကြားတွင် စစ်အစိုးရ၏ အုပ်ချုပ်ရေးအရ ထိန်းချုပ်နိုင်မှု အားနည်းနေခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို မျှမျှတတ ဖွဲ့စည်းနိုင်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်တွင် ရပ်ရွာထဲမှ အများရိုသေလေးစားသောပုဂ္ဂိုလ် ၃ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် စစ်အစိုးရ၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့ ပါဝင်သည်။

သို့ရာတွင် စစ်အစိုးရသည် ၎င်းတို့ ရင်ဆိုင်ခဲ့ဖူးသည် အကြီးအကျယ်ရှုံးနိမ့်မှုမျိုး (၁၉၉၀ တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတ၀န်းတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့မှုမျိုး) နောက်တကြိမ် ခွင့်ပြုရန် အလားအလာ လုံးဝ မရှိပါ။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို လူထုဆန္ဒခံယူပွဲကျင်းပစဉ်က ၎င်းတို့၏သဘောထားများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အာဏာပိုင်များသည် ၎င်းတို့၏သြဇာအာဏာကို သုံးခြင်း၊ ကြိုတင် စီမံထားခြင်း၊ အနိုင်ကျင့်သည့် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဖြင့် ၎င်းတို့ လိုလားသည့် ရလဒ် ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံရေးပါတီများ၏ရန်ပုံငွေ

၁၉၉၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရလဒ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု လွတ်လပ်သော လေ့လာဆန်းစစ်သူတဦးအနေဖြင့် ယူဆပါသည်။ အထူး သဖြင့် မဲဆွယ်သည့် ကာလ နှင့် ရွေးကောက်ပွဲနေ့တို့တွင် စစ်အစိုးရက စနစ်တကျ ခြိမ်းခြောက် နှောင့်ယှက်ခြင်း၊ နိုင်ငံရေးပါတီများက အရင်းအမြစ်များကို ရယူ သုံးစွဲနိုင်ခွင့် မရှိခြင်း စသည့် အခြေအနေတို့ကြောင့် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ ရန်ပုံငွေ ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ရပြီး ပါတီကိုထောက်ခံသူများကလည်း စစ်အစိုးရ အရေးယူမည်ကို စိုးရိမ်၍ ငွေကြေးလှူဒါန်းရန် ကြောက်ရွံ့နေချိန်တွင် ယခင်အာဏာရ ဆိုရှယ်လစ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည် ငွေကြေး အမြောက်အများ သုံးစွဲနိုင်သကဲ့သို့ အစိုးရပိုင် ပစ္စည်းများ ဖြစ်သော ကားများ၊ အဆောက်အအုံများကို ၎င်းတို့ပါတီပိုင် အဖြစ် ဆက်လက် အသုံးချခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း တစည နှင့် အခြားသော စစ်အစိုးရ ထောက်ခံ အားပေးသည့် အဖွဲ့ အစည်းများသည် စီးပွားရေး အခွင့်ထူးများကို ရရှိ ခံစားခဲ့ကြပြီး တဘက်တွင် NLD ပါတီရုံးများကို ပိတ်ပင် ထားခြင်း၊ ငွေကြေး ရန်ပုံငွေ အရင်းအမြစ်များ မရရှိစေရန် ထိန်းချုပ်ခြင်းဖြင့် NLD ၏ ရန်ပုံငွေနှင့် အရင်းအမြစ်များ အားနည်း ချိနဲ့စေရန် စစ်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လေသည်။

ဤသို့ မမျှတသောအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို အစကနဦးကတည်းကပင် အားနည်းစေပါသည်။

မဲဆန္ဒရှင်များကိုပညာပေးခြင်း

၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး ပါတီပေါင်း ၂၃၆ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်နိုင်သော နိုင်ငံရေးပါတီ ၁၀ ပါတီသာ ကျန်ရှိပါသည်။ သို့သော် စစ်အစိုးရ က ရွေးကောက်ပွဲဥပဒေအသစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် တို့ ထုတ်ပြန်လာပါက နိုင်ငံရေးပါတီ အများအပြား ထပ်မံ ပေါ်ထွက်လာဖွယ် ရှိပါသည်။

နိုင်ငံရေးပါတီ အများအပြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အပြည့်အ၀ ဖော်ဆောင်ရန် အတွက် မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပါတီအသီးသီးက ပေးလိုသည့် သတင်းအချက်အလက်များကို ၎င်းတို့ လက်လှမ်း မီနိုင်စေရေး စသည်တို့သည် အလွန် အရေးကြီးပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အိမ်စောင့်အစိုးရတရပ် အသွင် ရပ်တည်ပြခဲ့ပြီး နိုင်ငံရေးနှင့် ကင်းကင်း နေမည်ဟု တရားဝင် ပြောဆိုခဲ့သည်။

သို့ရာတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးပါတီများသည် ၎င်းတို့၏မူဝါဒများကို ရုပ်မြင်သံကြားမှ ၅ မိနစ်၊ ရေဒီယိုမှ ၁၀ မိနစ်သာ ထုတ်လွှင့်ခွင့် ရခဲ့သည်။

မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုယ်တိုင် ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ မှတ်တမ်းလွှာများ၊ ပိုစတာများကိုသာ အားကိုးအားထား ပြုခဲ့ရပါသည်။ ဤကဲ့သို့ အရင်းအမြစ်များကို အလွန်အမင်း ကန့်သတ် ချုပ်ချယ်မှုများ ရှိသော်လည်း နိုင်ငံရေးပါတီများက ၎င်းတို့ကို ထောက်ခံအားပေးနေသူများအား မဲစာရင်းသွင်းခြင်း၊ မဲပေးနည်းစနစ်၊ မဲလိမ်ခြင်း၊ မဲဝယ်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ပညာပေးရန် တာဝန် ယူခဲ့ကြသည်။ ထို့အပြင် ပါတီများသည် မဲရုံများတွင် စောင့်ကြည့်ရန်၊ မဲရေတွက်ပုံကို လေ့လာရန် ၎င်းတို့တွင် အဖွဲ့ဝင် အလုံအလောက် ရှိရေး အတွက်ကိုလည်း စီစဉ်ခဲ့ကြသည်။

မြန်မာပြည်သူများထဲတွင် အစဉ်အလာအားဖြင့် သိထားကြသည့် အချက်မှာ (√) သင်္ကေတသည် “သဘောတူခြင်း သို့မဟုတ် ထောက်ခံခြင်း” ၊ (X) သင်္ကေတသည် “သဘောမတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း” ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲများတွင် (X) သင်္ကေတကို ထောက်ခံသည့် အမှတ်အသားအဖြစ် သုံးကြသည်။ ရွေးကောက်ပွဲနေ့တွင် မြန်မာပြည်သူများ မဲပေးမှားယွင်းမှု အများအပြား ရှိခဲ့လေသည်။ အထူးသဖြင့် သက်ကြီး ရွယ်အိုများနှင့် စာမတတ်သူများ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁ ၈၅၈ ၉၀၀ ဦး၏ ဆန္ဒမဲများ သို့မဟုတ် မဲစာရွက် ၁၂.၃ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများတွင် မကြာသေးခင်က ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဘင်္ဂလားဒေ့ရှ်တွင် ၀.၈၉ ရာခိုင်နှုန်း၊ မလေးရှားတွင် ၂.၁၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၃.၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။ ပယ်မဲ အများဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ဖြစ်ပြီး ၂၆.၀၆ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သို့သော ဒီမိုကရေစီ ဖြစ်စဉ်မျိုး ကြုံတွေ့နိုင်သည်ကို ဝေဖန်ပြောဆိုမှုမရှိ နှုတ်ဆိတ်နေကြပါသည်။

ထို့အပြင် စစ်အစိုးရသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရထားသော်ငြားလည်း နိုင်ငံရေးပါတီများ ထူထောင်ပြီး စစ်အရာရှိများက လူဝတ်လဲ ပုံဖျက်ကာ ရွေးကောက်ပွဲဝင်ကြမည်မှာ သံသယရှိစရာ မလိုပါ။ ထို့အတွက် စစ်အစိုးရသည် နိုင်ငံတော်ပိုင် အရင်းအမြစ်များကိုသုံးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများပင် စတင်ပြုလုပ်နေပြီဟု ပြောလျှင် လွန်မည်မထင်ပါ။

ရွေးကောက်ပွဲမဲလိမ်မှုများ

၂၀၀၈ အခြေခံဥပဒေအသစ် လူထုဆန္ဒခံယူပွဲတွင် အထင်အရှား မြင်တွေ့ခဲ့ရသည့်လိမ်လည်မှုများကို လာမည့်ရွေးကောက်ပွဲတွင်လည်း တွေ့မြင်ရဖွယ် ရှိပါသည်။

ထိုလိမ်လည်မှုများကို အဓိက ကျူးလွန်သူများမှာ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အသင်းဝင်များ၊ စွမ်းအားရှင်ပြည်သူ့စစ်များ ဖြစ်ပါသည်။

ပထမဆုံးနှင့် အထင်ရှားဆုံး ချိုးဖောက်မှုတခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မဲရုံများအတွင်း တာဝန်ချထားခြင်းပင် ဖြစ်သည်။ ဒုတိယချိုးဖောက်မှုမှာ သတ်မှတ်ထားသည့် အချိန်ထက် စောပြီး မဲရုံများကို ပိတ်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်များကိုယ်စား မဲစာရွက်များပေါ်တွင် ဖြည့်စွက်ခြင်း ဖြစ်သည်။

၂၀၀၈ ဆန္ဒခံယူပွဲတွင် နေရာအများအပြားတွင် တွေ့ရသော ဖြစ်ရပ်များမှာ မိသားစုတစုလုံးကိုယ်စား မိသားစုဝင် တဦးကသာ မဲပေးခြင်း၊ မဲဆန္ဒရှင်များ၏ မျက်ကွယ်တွင် ၎င်းတို့၏မဲများကို ပေးခြင်းတို့ ဖြစ်ပါသည်။

အဆိုးဆုံး ချိုးဖောက်မှုတခုမှာ မဲရုံများကို ပိတ်ပြီး မဲများကို လျှို့ဝှက် ရေတွက်ခြင်း ဖြစ်လေသည်။ မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိပါက ထိုမဲများကို ထည့်သွင်းတွက်ချက်၍ လုံးဝ မဖြစ်နိုင်ပါဟု လေ့လာစောင့်ကြည့်သူများက ယူဆကြကြောင်း ဥရောပရှိ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အေဂျင်စီတခုဖြစ်သော Organization for Security and Cooperation အဖွဲ့က ဆိုသည်။ အခြားလိမ်လည်မှုများထက် ထိုကဲ့သို့လိမ်လည်မှုသည် တရားမျှတမှု မရှိသော ရွေးကောက်ပွဲတခု၏ အမှတ်လက္ခဏာကြီး ဖြစ်လေသည်။

အထက်တွင်ဖော်ပြခဲ့သော လိမ်လည်မှု နမူနာများ၏ထိပ်တွင် အနိုင်ကျင့်မှုများ၊ ခြိမ်းခြောက်မှုများသည် ၂၀၀၈ ဆန္ဒ ခံယူပွဲတွင် ပြည့်နှက်နေပါသည်။ အကယ်၍ မဲဆန္ဒရှင်များက ကန့်ကွက်မဲပေးခဲ့လျှင် ၎င်းတို့၏ လယ်ယာမြေများကို သိမ်းယူမည် သို့မဟုတ် ဖမ်းဆီး အကျဉ်းချမည်ဟု ဒေသခံအာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း မှတ်တမ်း အများအပြားတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ လိမ်လည်မှုများသည် အတွေ့ရ များသော အလေ့အထတခု ဖြစ်ပြီး ငွေကြေး၊ ဆုပေးခြင်း၊ လှူဒါန်းခြင်း တို့ဖြင့် မဲဝယ်မှု နမူနာများကို အိမ်နီးချင်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တွေ့မြင်နိုင်သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်သူများသည် မဲဆန္ဒရှင်များကို ချေးငွေများပေးမည်ဟု ကမ်းလှမ်း မက်လုံးပေးလေ့ရှိကြသည်။ ထိုပါတီ အနိုင်ရသွားပြီးနောက်ပိုင်းတွင် ထိုကမ်းလှမ်းချက်များကို ပယ်ဖျက်နိုင်ချေ ရှိသည်။ ထိုသို့ မဲဝယ်ခြင်းကို “green harvesting” (အချိန်မတိုင်မီ ရိတ်သိမ်းခြင်း) ဟု ထိုင်းနိုင်ငံတွင် လူသိများပါသည်။

ခြုံ၍ပြောရလျင် မြန်မာနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က ကဲ့သို့ “Yes” သို့မဟုတ် “No” ဟုသာ အလွယ်တကူ စဉ်းစားပြီး ပေးရသည့် မဲမျိုးနှင့် အလွန် ကွာခြားပါလိမ့်မည်။ အကြောင်းမှာ ရွေးချယ်ရမည့် ပါတီ သို့မဟုတ် ကိုယ်စားလှယ် အများအပြား ပါဝင်မည် ဖြစ်ပြီး သတ်မှတ်ချက်များမှာလည်း ပို၍များပြားနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော အဓိကနယ်ပယ် ၄ ရပ်ကိုထည့်သွင်းစဉ်းစားလျှင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း နိုင်ငံတကာ အသိုင်းအ၀န်းက ရှင်းရှင်းလင်းလင်း အလေးအနက်ထား ပြောဆိုရပေမည်။

NLD ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး မဲဆန္ဒရှင်များ သဘောထား ကွဲလွဲ ခိုင်သွယ်


ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ယှဉ်ပြိုင် သင့်၊ မသင့် ဆိုသည့် မေးခွန်းဖြင့် လူ ၄၀၀ နီးပါးကို စစ်တမ်း ကောက်ယူခဲ့ရာ မဝင်သင့်ဟု ယူဆသူက အရေအတွက် အနည်းငယ် သာလွန်ကြောင်း တွေ့ရသည်။

[နှစ်ပေါင်းများစွာ ပိတ်ပင်ခံထား ရပြီးနောက် မကြာသေးမီက လုပ်ငန်းများ စတင် လည်ပတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရုံးခွဲ (ဓာတ်ပုံ - AP)]

နှစ်ပေါင်းများစွာ ပိတ်ပင်ခံထား ရပြီးနောက် မကြာသေးမီက လုပ်ငန်းများ စတင် လည်ပတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရုံးခွဲ (ဓာတ်ပုံ - AP)
မေးမြန်းခဲ့သူ ၃၇၄ ဦးအနက် ၁၆၆ ဦးမှာ မ၀င်သင့်ဟု ဖြေကြားခဲ့ပြီး ၁၄၆ ဦးမှာ ၀င်သင့်သည်ဟု ဖြေကြားကာ ကျန် ၆၂ ဦးမှာ အကျပ် အတည်းနှင့် ရင်ဆိုင် နေရသော NLD အပေါ် ဖိအားတခု ဖြစ်ပေါ်လာ မည်ကို မလိုလား ဟူသည့် အကြောင်း ပြချက်ဖြင့် မဖြေဆိုခဲ့ပေ။

အဆိုပါ စစ်တမ်းကို မတ်လ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရန်ကုန်မြို့နေ နိုင်ငံရေး နယ်ပယ်မှ မဟုတ်သည့် အရပ်သားနှင့် အစိုးရ ၀န်ထမ်းများ ဖြစ်ကြသော အသက် ၂၀ မှ အသက် ၄၀ အရွယ် အမျိုးသမီး၊ အမျိုးသား ၂၀၀ နှင့် အသက် ၄၀ အထက် အမျိုးသမီး၊ အမျိုးသား ၁၇၄ ဦးတို့ကို မေးမြန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် အခြေခံဥပဒေကို လက်ခံပါတယ်ဆိုတာ ဖြစ်သွားမယ်။ လူထုအတွက် လက်ခံလို့ မဖြစ်ဘူးဆိုတာကို နားလည်စွာနဲ့ မ၀င်သင့်ဘူးလို့ မြင်တယ်။ NLD ဟာ ဒီနေ့အထိ လူထုကို ကိုယ်စားပြုတဲ့ ပါတီပါ” ဟု အသက် ၄၀ အရွယ် ကျူရှင်ဆရာ တဦးက ပြောသည်။

အသက် ၃၅ နှစ်အရွယ် အင်ဂျင်နီယာ တဦးကလည်း NLDအနေနှင့် အစိုးရကို ရွှေဂုံတိုင်စာတမ်း ထုတ်ပြန် တောင်းဆိုခဲ့ကြောင်း၊ရွေးကောက်ပွဲ ၀င်မည်ဟု ဆုံးဖြတ်လိုက်ပါက ထိုစာတမ်းကို ဖျက်ပယ်သကဲ့သို့ ဖြစ်သွားနိုင်သောကြောင့် ပါတီ သိက္ခာအတွက် ရွေးကောက်ပွဲကို မ၀င်သင့်ကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးသမားတွေကို ထုတ်ပစ်ရမှာဖြစ်တဲ့အတွက် မ၀င်သင့်ဘူး။ ဒါကို လက်မခံသင့်ဘူးလို့ ထင်တယ်” ဟု အသက်၂၇ နှစ်အရွယ် မဟာသိပ္ပံကျောင်းသားတဦးက ပြောသည်။

အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးကလည်း ရွေးကောက်ပွဲတွင် NLD အနေနှင့် လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့် ရမည် မဟုတ်သောကြောင့် မဝင်သင့်ကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်လည်း အနိုင်ပေးမှာ မဖြစ်နိုင်တဲ့အတွက် မ၀င်တာ အကောင်းဆုံးပဲလို့ ထင်တယ်” ဟု အသက် ၄၀ အရွယ် အစိုးရ အရာရှိတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရမည်ဆိုသည့်အချက်အပေါ် NLD အနေဖြင့် လက်မခံသင့်သောကြောင့် ရွေးကောက်ပွဲ မဝင်သင့်ဟု အများဆုံး ဖြေကြားကြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံ သင့်သည့် အတွက် မ၀င်သင့်ပါဟု ဖြေဆိုကြသူများက ဒုတိယ အများဆုံး ဖြစ်သည်။

အသက် ၄၀ ၀န်းကျင်အရွယ် အိုင်တီပညာရှင်တဦးကမူ “ပါတီရပ်တည်နိုင်ဖို့ ရွေးကောက်ပွဲဝင်မှဖြစ်လိမ့်မယ်။ မဟုတ်ရင် ပါတီ ဖျက်သိမ်းခံရမှာ ဒါဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အခက်အခဲဖြစ်သွားမှာ။ ဒါကြောင့် ၀င်မှ ဖြစ်မယ်” ဟု ဆိုသည်။

အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တဦးကလည်း “ကျနော့်အမြင်ပြောရရင်တော့ ရွေးကောက်ပွဲ ၀င်ရမှာပါ။ လူထုက NLDဘက်မှာရှိတယ်။ ပါတီ ဖျက်သိမ်းခံရမယ်ဆိုရင် လူထု မျှော်လင့်ချက် ပိုမဲ့သွားလိမ့်မယ်။ ဒါကို စဉ်းစားတတ်ဖို့ လိုတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ၀င်သင့်သည်ဟု ဖြေဆိုကြသူအများစုမှာ NLD ရပ်တည်ရေးအတွက် ဖြစ်ပြီး NLD ရှိနေမှသာ ဒီမိုကရေစီလှုပ်ရှားမှု တချို့ကို တရားဝင် ဆောင်ရွက်နေနိုင်မည် ဖြစ်သောကြောင့် ဟု ပြောကြသည်။

မဖြေကြားခဲ့သူ ၄၄ ဦးမှာမူ NLD ၏ ဆုံးဖြတ်ချက်ကိုသာ လေးစားထောက်ခံမည်ဖြစ်ပြီး ၎င်းတို့ တစုံတရာ ဖြေဆိုခဲ့လျင် ထိုအဖြေသည် NLD အပေါ် ဖိအားတခုဖြစ်မည်ကို မလိုလားဟု ဆိုကြသည်။

လာမည့် မတ်လ ၂၉ ရက်နေ့တွင် NLD ဗဟိုရုံးချုပ် ရွှေဂုံတိုင်၌ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနှင့် ပတ်သက်၍အဖွဲ့ဝင်များ မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပြီး ထိုမဲရလဒ်အတိုင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောဆိုသည်။

အသက် ၄၇ နှစ်အရွယ် ကုန်သည်အမျိုးသမီးတဦးက “NLD အနေနဲ့ အခုအချိန်မှာ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲကို ရင်ဆိုင်နေရချိန်ပါ။ ကျမတို့ ဆုံးဖြတ်ပေးတာထက် NLD ပါတီဝင်တွေပဲ ဆုံးဖြတ်ပါစေ။ သူတို့ ဆုံးဖြတ်သလို ကျမတို့ ထောက်ခံမှာပါ။ သူတို့က ကျမတို့ရဲ့ ခေါင်းဆောင်တွေပါ” ဟု ဖြေသည်။

“ကျနော်တို့ရဲ့ ထင်မြင်ချက်က သူတို့အပေါ် ဖိအားတခု ဖြစ်သွားနိုင်တဲ့အတွက် မဖြေသင့်ပါဘူး။ ပါတီဝင်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမှာပါ” ဟု အသက် ၇၇ နှစ်အရွယ် အငြိမ်းစား စစ်မှုထမ်းဟောင်း တဦးက ဆိုသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း တဦးတည်းအနေနှင့် ပါတီဂုဏ်သိက္ခာကို ထောက်ထားကာ ပါတီ မှတ်ပုံ မတင်လိုကြောင်း သို့ရာတွင် အမိန့်ပေးခြင်း မဟုတ်ဘဲ ပါတီတွင်း၌ ဒီမိုကရေစီ နည်းကျ ဆုံးဖြတ်စေလိုကြောင်း ယမန်နေ့က ပြောကြားသည်။

NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအခါ နအဖ သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံမတင်ပါက ပါတီကို ဖျက်သိမ်းရမည် ဖြစ်သည်။

မြန်မာ့ ရွေးကောက်ပွဲ လုံခြုံရေးကောင်စီတွင် သဘောထားကွဲ


မန်မာပြည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) တွင် သဘောထား ကွဲလွဲကြကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် စပ်လျဉ်း၍ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ က ယနေ့ တံခါးပိတ် အစီရင်ခံပြီးနောက် ရွေးကောက်ပွဲအပေါ် ဤသို့ သဘောထား ကွဲလွဲမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

[နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ကုလလုံခြုံရေး ကောင်စီတွင် ၂၀၀၉ ခုနှစ်က အစည်းအဝေးတခု ကျင်းပနေပုံ (ဓာတ်ပုံ - ရိုက်တာ)]

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ကုလလုံခြုံရေး ကောင်စီတွင် ၂၀၀၉ ခုနှစ်က အစည်းအဝေးတခု ကျင်းပနေပုံ (ဓာတ်ပုံ - ရိုက်တာ)
တရုတ် ကုလသမဂ္ဂ သံအမတ် Li Baodong က မည်သည့် နိုင်ငံမဆို ရွေးကောက် ပွဲသည် ဆိုင်ရာ အချုပ်အချာ အာဏာပိုင် နိုင်ငံ၏ အရေး ကိစ္စသာ ဖြစ်ကြောင်း၊ ထိုအချက်ကို လေးစားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အရေးတွင်လည်း ဤထုံးစံ အတိုင်းပင် ဖြစ်ကြောင်း ပြောသည်။

“လာမယ့် ရွေးကောက်ပွဲ အတွက် ကောင်းမွန်တဲ့ အခြေအနေ ဖန်တီးပေးဖို့၊ အပြုသဘောဆောင် အားပေးဖို့၊ မြန်မာပြည်ကို ကူညီဖို့ အရေးဟာ နိုင်ငံတကာ အဖွဲ့အစည်း အတွက်ရော လုံခြုံရေး ကောင်စီနဲ့ ကုလသမဂ္ဂ အတွက်ရော အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု တရုတ် သံအမတ်ကြီးက ဆိုသည်။

မြန်မာသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတခုထဲတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရေးသည် မလွယ်ကူကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အတွက် ရွေးကောက်ပွဲသည် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း Li Baodong က ဆက်ပြောသည်။

သို့သော် ဗြိတိသျှ ကုလသံအမတ် မာ့ခ် လိုင်ရယ် ဂရန့် ကမူ တရုတ်သံအမတ်အမြင်ကို သဘောမတူနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိမရှိ လုံခြုံရေးကောင်စီတွင် ဆွေးနွေးကြောင်း ဗြိတိသျှ သံအမတ်ကြီးက သတင်းထောက်များကို ပြောသည်။

ရွေးကောက်ပွဲ ဥပဒေများသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရေးနှင့် NLD မှတ်ပုံတင်ရေးကို ခက်ခဲအောင် တမင်ပြုလုပ်ထားသည်နှင့် တူကြောင်းဗြိတိသျှ သံအမတ်ကြီးက ဝေဖန်သည်။

လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး အစည်းအဝေးခေါ်ယူမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံချက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ပယ်ချခြင်း အပါအဝင် မကြာသေးမီက မြန်မာ့အရေး အခြေအနေများအပေါ် ဗီဂျေ နမ်ဘီယာ၏ အစီရင်ခံမှုများမှာ အကျိုးရှိကြောင်း ဂရန့်က ဆက်လက်ပြောသည်။

ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သူ ဖြစ်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

ဆူဒန်ကဲ့သို့ပင် မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး (ICC) သို့ တင်ရေး လွှဲပြောင်းမည့် မည်သည့်လှုပ်ရှားမှုကို မဆို ဗြိတိန်က ထောက်ခံမည်ဖြစ်ကြောင်း၊ သို့သော် ထိုသို့ လွှဲပြောင်းရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံမှုမရ ဟု ဗြိတိန် သံအမတ်က ဝန်ခံပြောကြားသွားသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် မြန်မာ့အရေးဆွေးနွေးခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် ပထမဆုံးအကြိမ် မြန်မာပြည် အခြေအနေကို သိခွင့်ရသည်မှာ အကျိုးရှိသော အခွင့်အရေးဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ချစ်သူကို ပန်းပန်ပေးချင်တယ် ဆိုရင်ပေါ့




ဘယ်သူမဆိုတော့ ကိုယ့်ချစ်သူကို ချစ်တာပဲပေါ့ဗျာ။ ဟုတ်ဘူးလား။ မတတ်သာလို့ သာနေရမယ်။ ကိုယ့်ချစ်သူလေးကို ချစ်ကြောင်းပြတဲ့ အနေနဲ့ ပန်းလေးတွေတော့ ပန်ပေးချင်ကြတာပေါ့။ အနေဝေးနေတဲ့ သူတွေဆိုရင် ဘယ်လိုလုပ် ပန်ပေးလို့ရမလဲဗျာ။ မပူပါနဲ့ ကျွန်တော်တို့ Photoshop နဲ့ ချစ်သူလေးကို ပန်းပန်ပေးရအောင်။ စမယ်ဗျာ။


ဒါကတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲဗျာ ကျွန်တော် ချစ်သူ ပုံလေးပေါ့။ ဒါကို ကျွန်တော် အောက်က ပန်းလေးတွေကို သူ့ခေါင်းက နားနေရာလေးမှာ ပန်ပေးမယ်ဗျာ။



ဒါကြောင့် ကျွန်တော်တို့ ပန်ပေးချင်တဲ့ ပုံလေးကို File > Open နဲ့ ဖွင့်လိုက်ပါမယ်။ ကျွန်တော် ချစ်သူ ပုံလေးပေါ့။ နောက်ပြီး ဒီပုံမှာ ပန်ပေးမဲ့ ပန်းလေးတွေကိုလည်း File > Open နဲ့ပဲ ဖွင့်လိုက်ပါတယ်။ ဒါပြီးရင်တော့ ဖွင့်ထားတဲ့ ပန်းပုံကို ရွေးထားပြီးတော့ Filter > Extract ကိုခေါ်လိုက်ပါ။ ဒါဆိုရင် နောက်ထပ် ပေါ်လာတဲ့ Extract ဘောင်ထဲမှာ ကိုယ်ရွေးထားတဲ့ ပန်းလေးကို တွေ့နေရမှာပါ။

ဒါကို ပန်းလေးတင် ဖြတ်မယ်ဗျာ။ ဘာလို့လဲ ဆိုတော့ ပန်းပုံမှာ အရွက်တွေ နောက်ခံတွေနဲ့ ရှုပ်နေတယ်လေ။ ဒါကြောင့် Extract ဘောင်ထဲက Zoom ကို ရွေးလိုက်ပါ။ ပြီးရင် ဘေးက ပန်းပုံလေးမှာ ကလစ်နဲ့ တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် ပုံလေးက ပိုပြီး ကြီးလာပါလိမ့်မယ်။

ပြီးရင် Extract ထဲကပဲ Edge Highlighter Tools ကိုရွေးပြီး ကိုယ်ပန်ပေးလိုတဲ့ ပန်းလေးဘေးနေရာတွေမှာ လိုင်းတွေနဲ့ လိုက်ပြီး ရွေးထားလိုက်ပါ။ ဒါဆိုရင် ကိုယ်ရွေးထားတဲ့ နေရာတွေမှာ အစိမ်းရောင်တွေနဲ့ ပေါ်နေပါလိမ့်မယ်။ အောက်က ပုံလေးလိုပေါ့။

အိုကေနော်။ ဒါပြီးရင် ကျွန်တော်တို့ ဆေးပုံးပုံလေးနဲ့ Fill Tool ကို ရွေးလိုက်ပါ။ နောက်တော့ ခုနက အစိမ်းရောင်နဲ့ ရွေးထားတဲ့ ပန်းပုံလေးရဲ့ အလယ်မှာ သွားပြီး ကလစ်နဲ့ တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်က ပုံလေး အတိုင်း အလယ်မှာ ခရမ်းရောင်နဲ့ ဖြည့်သွားပါလိမ့်မယ်။

ပြီးရင် OK နှိပ်လိုက်ပါ။ ဒါဆိုရင် အလိုလို ပုံလေးကို ဖြတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ဒီပန်းပုံလေးက ကြီးနေတယ်လေဗျာ။ ဒါကို အရွယ်လေး သေးအောင် ချုံရမယ်.။ ဒီတော့ Tools Bar က Edit > Transform > Scale ကိုရွေးပါ။ ဒါဆိုရင် ပုံလေးဘေးမှာ ဘောင်ကွပ်လေး ပေါ်လာလိမ့်မယ်.။ ဒါကို Mouse နဲ့ ထောက်ပြီး အထဲကို ဆွဲပြီး ချုံလိုက်ပါ.။ ပုံလေး သေးသွားပါလိမ့်မယ်။ ဒီနောက်မှာ ပုံလေးကို ကိုယ်ကြိုက်တဲ့ အနေအထားရပြီး ဆိုရင်တော့ Move Tool ကိုရွေးလိုက်ပါ။ Transform လုပ်မှာလားလို့ အတည်ပြုချက် Box နဲ့ မေးလာပါလိမ့်မယ်။ ဒါကို Apply လုပ်လိုက်ပါ။

နောက်ပြီးတော့ Move Tool ကို ရွေးပြီးသွားပြီ ဆိုရင် ဒီပန်းပုံလေးကို ဘေးက ချစ်သူပုံလေးထဲကို Mouse ကို နှိပ်ထားပြီးတော့ ဆွဲသွင်းလိုက်ပါ။ ဒါဆိုရင် ချစ်သူနေရာထဲမှာ ပန်းလေး ရောက်သွားပါလိမ့်မယ်။ ဒီတော့မှ ပန်းလေးကို ကိုယ်ကြိုက်တဲ့ နေရာလေးရောက်အောင် Move Tool နဲ့ပဲ ဆွဲပြီးနေရာ ချလိုက်ပါ။

ဒီနေရာမှာ တစ်ခု သတိထားရမှာက တချို့ပန်းလေးတွေက ကိုယ်ပုံနဲ့ အဆင်မပြေဖြစ်နေတတ်တယ်။ ဒါကို Edit > Transform > Rotate နဲ့ လှည့်ပြီး ကိုယ်ကြိုက်တဲ့ အနေအထားရောက်အောင် ချိန်လိုက်ပါ။ ပြီးလို့ နေရာ ချပြီးရင်တော့ ကိုယ်ချစ်သူလေးမှာ ပန်းပန်ပြီးပြီပေါ့ဗျာ။ ဒါကို File > Save as နဲ့ သိမ်းထားလိုက်ရုံပေါ့ဗျာ။ ဘယ်အချိန်ကြည့်ကြည့် ချစ်သူမှာ ပန်းလေးတွေနဲ့။ အောက်မှာ ကြည့်ပါလား ကျွန်တော့်ချစ်သူမှာ ပန်းလေးတွေနဲ့ လှတယ်နော်။




မှတ်ချက်။ ။ Photoshop အလွန်ကျွမ်းကျင်သော ဆရာကြီးများအတွက် မရည်ရွယ်ပါ။ သူတို့အတွက်ကတော့ ရယ်စရာ ဖြစ်နေပါလိမ့်မည်။ သိုသော် ကိုယ့်ချစ်သူကို ကိုယ့်ဖာသာ ပန်းပန်ပေးချင်သူ မသိသူ ၊ မတတ်သူတွေ အတွက် ပျော်စရာလေးတစ်ပါ။

Gtalk မှာ မှာပြီး Remove လုပ်လိုက်တဲ့ အကောင့်ကိုပြန်ပြီးရချင်ပါသလား


သူငယ်ချင်းတိုမင်္ဂလာပါ
ကျနော်ပြောချင်တဲ့အကြောင်းအရာကတော့ အကောင့်တစ်ခုကို မှားပြီး Remove လုပ်လိုက်တာ ပြန်ရလာနိုင်အောင်လုပ်တဲ့နည်းပါ
သိတဲ့သူတွေကတော့မျက်လုးံမှိတ်ထားပေါ့ဗျာ
စရအောင်နော်
၁။ Gmail ကိုဖွင့်လိုက်ပါ နောက် Contacts ထဲ့ကိုသွားလိုက်ပါ ကိုယ်ပြန်လိုချင်တဲ့အကောင့်ကို Select လုပ်ပြီး ဘေးက Show in chat list
မှာ Auto သို့ Always လုပ်ပေးလိုက်ပါ ပြန်ရောက်လာပါလိမ့်မယ့်။ အဆင်ပြေပါစေမိတ်ဆွေတို့

Gtalk မှာ မှာပြီး Remove လုပ်လိုက်တဲ့ အကောင့်ကိုပြန်ပြီးရချင်ပါသလား


သူငယ်ချင်းတိုမင်္ဂလာပါ
ကျနော်ပြောချင်တဲ့အကြောင်းအရာကတော့ အကောင့်တစ်ခုကို မှားပြီး Remove လုပ်လိုက်တာ ပြန်ရလာနိုင်အောင်လုပ်တဲ့နည်းပါ
သိတဲ့သူတွေကတော့မျက်လုးံမှိတ်ထားပေါ့ဗျာ
စရအောင်နော်
၁။ Gmail ကိုဖွင့်လိုက်ပါ နောက် Contacts ထဲ့ကိုသွားလိုက်ပါ ကိုယ်ပြန်လိုချင်တဲ့အကောင့်ကို Select လုပ်ပြီး ဘေးက Show in chat list
မှာ Auto သို့ Always လုပ်ပေးလိုက်ပါ ပြန်ရောက်လာပါလိမ့်မယ့်။ အဆင်ပြေပါစေမိတ်ဆွေတို့

ဓါတ်ပုံလှလှလေးတွေ Copy လုပ်ရအောင်


ကျနော်တင်ပြမယ့်အကြောင်းအရာကတော့ ရုပ်အရှင်တစ်ခုကို copy လုပ်တာပါ ဥပမာ- ကာရာအိုကေ မှာပဲဖြစ်ဖြစ် video မှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ကောင်လေးချောချော။ ကောင်မလေးချောချောရုပ်ပုံတစ်ခု ကိုCopy လုပ်ပြီးကိုယ် အီးမေလ် သို့ file တစ်တစ်ခုမှာသိမ်းထားချင်တယ်ဆိုရင်လုပ်ကြည့်ရအောင်
သိတဲ့လူတွေအတွက်တော့ဆော်ရီပေါ့ဗျာ မသိသေးတဲ့မိတ်ဆွေများအတွက်အဆင်ပြေလိမ်မယ်လို့မျှော်လင့်ပါတယ်။
စရအောင်
၁။ ကာရာအိုကေ သို့ video ထဲကပဲ့ဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ရုပ်အရှင် ကို - speech တစ်ချက် သို နှစ်ချက်ခေါက်လိုက်ပါ
၂။ နောက် Print Screen Sysrq ကို( ၃ )ချက်လောက်ခေါက်လိုက်ပါ
၃။ နောက် Ctrl+ C ကိုနှိပ်လိုက်ပါ
၎။ Start ကသွားပြီင်္း Assessories ကနေ သွားပြီး Paint ကိုနှိပ်လိုက်ပါ
၅။ File တစ်ခုပေါ်လာရင် Ctrl+ V ကိုနှိပ်လိုက်ပါ
ဒါဆိုကိုယ်လိုချင်တဲံ့ပုံလှလှလေးတစ်ပုံပေါ်လာလိမ်မည့် ဒီတော့ ပုံလှလှလေးကို ကိုယ်သိမ်းချင်တဲ့ File သို့ Email ထဲ့မှာသိမ်းထားလို့ရပါပြီင်္။
အိုကေ အဆင်ပြေပါစေဗျာ