မင်းချစ်သူ

Friday, March 19, 2010


စံလင်း(နိရဉ္စရာ)
စာရေးဆရာ မောင်မိုးယံ ရေးသားသော ၂၀၀၈ခုနှစ် စာပေဗိမာန် သုတပဒေသာ(ဝိဇ္ဇာ) ဆုရ “ကစ္ဆပနဒီမှ ဓညဝတီသစ္စာ” စာအုပ်ကို ထုတ်ဝေ ဖြန့်ချီလိုက်သည်ဟု သတင်း ရရှိသည်။

မတ်လ ၁၈ ရက်နေ့က ထုတ်ဝေသော စစ်အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသော သတင်း တပုဒ်အရ အဆိုပါ စာအုပ်ကို ထုတ်ဝေဖြန့်ချီလိုက်ပြီး တအုပ်ကို ကျပ်ငွေ ၂၀၀၀ ဖြင့် ၀ယ်ယူဖတ်ရှု့နိုင်သည်ဟု ဖေါ်ပြသည်။

၎င်းပြင် ကြေးမုံ သတင်းစာက အဆိုပါ စာအုပ်တွင် ရခိုင်ပြည်၏ ပထဝီနိုင်ငံရေး အမြင်ကို အတိတ် သမိုင်းနှင့် ထင်ဟပ် ပေါ်လွင်စေသည့် ရခိုင်လူမျိုးတို့၏ ဓလေ့စရိုက် ယဉ်ကျေးမှု၊ ဘာသာရေး၊ ပထဝီမြင်ကွင်း အခင်းအကျင်းကို တစ်ထိုင်တည်းဖြင့် ဖတ်ရှု့နိုင်သည်ဟု ဖေါ်ပြသည်။

စာရေးသူ မောင်မိုးယံသည် ရခိုင်ပြည်အတွင်းရှိ မေယုမြစ်၊ လေးမြို့မြစ်၊ ကစ္ဆပနဒီမြစ်၊ နတ်မြစ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ကလိန်တောင် ပင်လယ်ဝနှင့် ဖရုံကာကျွန်း၊ မာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်း၊ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ တောက်ကုတ်၊ ကျောက်ဖြူ စသည့် နေရာများသို့ သွားရောက် လည်ပတ်ခဲ့ပြီး သူမြင်တွေ့ခဲ့ရသော အခြေအနေများကို မြင်တွေ့ရသည့် အတိုင်း ရေးသား ထားသည်ဟု သိရသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင် သာသနာတော်ထွန်းကားခဲ့သည့် ရခိုင်ပြည်နယ်ကို မရောက်ဖူးသူတို့ ယခုထုတ်ဝေသော စာအုပ်ကို ဖတ်၍ ရခိုင်ပြည်နယ်တစ်ခုလုံးကို တစ်ဆက် တစ်စပ်တည်း ကိုယ်တိုင် သွားရောက် လေ့လာသလို ခံစားနိုင်ရန် ဆုရ စာအုပ်က ဖော်ညွန်းထားကြောင်း ကြေးမုံက ဖေါ်ပြသည်။