မင်းချစ်သူ

Wednesday, March 24, 2010

ကဗျာတွေစုစည်းမှု

တစ်ခါက အလွမ်းပြေ အိမ်လေးအတွက်

Posted by Welcome Labels: ကဗျာ 8 comments

တစ်ခါက အလွမ်းပြေ အိမ်လေးအတွက်

ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်

အိမ်အပြင်အဆင်ချင်းလည်း မတူညီ
အရပ်ဒေသချင်းလည်း မတူညီ
နာရီ စံတော်ချိန်ချင်းလည်း မတူညီ
ဘာသာစကားချင်းလည်း မတူညီ
လူမျိုးနွယ်စုချင်းလည်း မတူညီ
သို့ပေမယ့်
ခံစားမှုချင်း တူခဲ့သည်
နှလုံးသားချင်း တူခဲ့သည်
ရင်ခုန်သံချင်း တူခဲ့သည်
သံယောဇဉ်ချင်း တူခဲ့သည်
အလိုက်သိမှုချင်း တူခဲ့သည်
အယူအဆချင်း တူခဲ့သည်
စာနာမှုချင်း တူခဲ့သည်
စိတ်ကူးချင်း တူခဲ့သည်

တူနှစ်ကိုယ် ဘယ်မျှဝေးဝေး
သူ့အိမ်ကို ကိုယ်နေ့တိုင်းရောက်သည်
ကိုယ့်အိမ်ကို သူလေးနေ့တိုင်းရောက်သည်
ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်
သို့ပေမယ့်
ထာဝရ နှစ်အိမ့်တစ်အိမ် .. .. ။
at 10:00 PM
Reactions:
Links to this post
undefined undefined
နဂိုအတိုင်းပါပဲ

Posted by Welcome Labels: ကဗျာ, အချစ် 10 comments


အလင်းနဲ့အမှောင်ဟာ
အတူယဉ်တွဲ လမ်းလျှောက်နေတုန်းမှာ
ပိုင်ဆိုင်ချင်တဲ့ စွန့်လွှတ်မှုဟာ
မဆုံနိုင်တဲ့ ဆုံမှတ်တစ်ခုဖြစ်ခဲ့တယ်
နဂိုအတိုင်းပါပဲ .. ..

တည်ကြည်တဲ့ ဝန်တိုစိတ်ဟာ
မင်းလေးရဲ့ အရွဲ့စကားတွေ
ခါးသီးတဲ့ ခနဲ့သံတွေကြားကနေ
ယုံကြည်မှု အတုတွေနဲ့
ကိုယ့်ရဲ့ရင်ကို
သွက်လက်စွာနဲ့ တစ်ဟုန်ထိုး ကျလာလေရဲ့
နဂိုအတိုင်းပါပဲ .. ..

လတ်ဆတ်အေးမြတဲ့ ဆောင်းလေအဝှေ့မှာ
နောက်ကျိပေမဲ့ ကြည်လင်နေတဲ့
ငါ့ရဲ့ နှလုံးသားဟာ
မင်းလေးကြောင့် ပင်စင်ယူတော့မတဲ့လေ
သိပ်ချစ်လွန်းလို့ စိတ်ညစ်ခဲ့ရပေမဲ့
ကိုယ်လေ မင်းလေးကို
နဂိုအတိုင်းပါပဲ .. .. ။

at 4:26 PM
Reactions:
Links to this post
undefined undefined
အလွမ်းလက်ဆောင်

Posted by Welcome Labels: ကဗျာ, အချစ် 6 comments

အလွမ်းလက်ဆောင်


ဆောင်းဦးရဲ့ ပထမဆုံး နှင်းပွင့်လေးတွေအတူ
ရောယှက်ဝင်လာတဲ့
မင်းလေးရဲ့ အမုန်းအငြိုးတွေ
ကိုယ့်ရဲ့ ရင်ခွင်တံခါးကို
ကြိမ်ဖန်များစွာ လာခေါက်တဲ့အခါ
ဆီးကြိုခံစားနိုင်တာ ရှိသလို
အကြောင်းမဲ့ စွပ်စွဲချက်တွေအတွက်
ဖြေရှင်းမတတ်နိုင်တဲ့ စကားတွေကြောင့်
ဆွံ့အ နေမိတာ ခဏခဏရယ်ပါ ... .

ကိုယ်တစ်ယောက်ထဲ အထီးကျန်ပြီး
နှလုံးသား အဖျားဒီဂရီ တက်ခိုက်မှာ
ဆောင်းဦး နေ့ရက်လေးတွေ
နောက်တစ်ကြိမ် ထပ်ရောက်လာပြန်တယ်လေ
ဒါပေမယ့် သူတို့ကို ရင်ခွင်တံခါးဝက
ဘယ်လို နှင်ထုတ်ရမယ်ဆိုတာ
ကိုယ် နားမလည်နိုင်ပါဘူး .. ..

ကိုယ်တို့နှစ်ယောက်ကို ပျော်ရွှင်မှုတွေပေးခဲ့တဲ့
ဟိုတစ်ချိန်က ဆောင်းနှင်းပွင့်လေးကို
ဖေးမဖော် မပေးဘဲ
ဥပက္ခာပြုခဲ့မိတဲ့ပြစ်ဒဏ်အတွက်
အခုတော့
မင်းလေး ကိုယ့်အနားမရှိတော့ရင်
အလွမ်းလက်ဆောင်တွေနဲ့အတူ ရောက်လာမယ့်
အေးစက်စက် ဆောင်းရက်ရှည်တွေကို
တံခါးဖွင့်ပေးရတော့မှာမို့ .. ..
ရင်ခွင်တံခါးကို ဖွင့်ထားလျက်ပါ .. ..

at 4:55 PM
Reactions:
Links to this post
undefined undefined
ပေးဆပ်ခွင့်ပြုပါ... ချစ်သူ

Posted by Welcome Labels: ကဗျာ, အချစ် 6 comments


ဥတု ရာသီတွေ အလီလီ ပြောင်းခဲ့တော့
ကိုယ့်နှလုံးသားမှာ
ဖုန်ထူလိုက် ...
မိုးရွာလိုက် ...
နှင်းခလိုက် ... နဲ့မို့
အသက်ရှင်ခွင့် ရခိုက်မှာ
တိုက်ဆိုင်မှုတွေ ရှိတိုင်း
မင်းလေးကို သတိရ တမ်းတမိတယ်
ညီမလေးရယ် .. .. ။

ကောင်းကင်မှာ တိမ်ညိုတွေ ငိုရလွန်းလို့
ငွေ့ရည်တောင် မဖွဲ့နိုင်တော့ဘူး...
အရာခပ်သိမ်း ပြီးဆုံးပါစေ
ဒဏ်ရာတွေလည်း ပြေပါစေတော့
ရည်ရွယ်ချက်တွေနဲ့ အတိတ်စာမျက်နှာတွေကို
တစ်ရွက်ချင်းစီ ဆွဲဖြုတ် မီးရှို့ခဲ့ပေမယ့်
အငွေ့တစ်လူလူတက်နေတဲ့
မီးခိုးငွေ့တွေကြားမှာ
မင်းမျက်နှာကို မြင်နေရတယ် ညီမလေး .. .. ။

တိုက်ခတ်နေတဲ့ လေပြေအေးမှာ
မင်းကိုယ်သင်းရနံ့တွေ ပျော်ဝင်နေတယ်လို့ ထင်မိတယ်
အမှောင်ခွင်းလို့
ပိုးစုန်းကြူးလေးက မီးရောင်တလက်လက်နဲ့
ချစ်သူပျောက်ကို လိုက်ရှာနေသလားပဲ
နတ်ညှင်းကောင်လေးတွေရဲ့ ကွဲရှရှ သီချင်းသံကို
သစ်ရွက်လေးတွေ လက်ခုပ်တီးတဲ့ အားပေးသံကြားမှာ
ကြင်နာစိတ်လွန်ကဲစွာနဲ့
မင်းရင်ခွင်ထဲ ခိုလှုံခွင့်ပြုပါ ညီမလေးရယ် .. .. ။

တိမ်စိုင် တိမ်လိပ်လေးတွေ
အဆုတ်လိုက် အခိုင်လိုက်
ဖူးပွင့်ရာ ကောင်ကင်းထက်မှာ
ကြယ်လေးတွေက မျက်တောင်တဖျတ်ဖျတ်ခတ်လို့
ကိုယ့်ကိုများ လှောင်ရယ်နေသလား ထင်မိတယ်
ကိုယ့်ရင်မှာ တွယ်ငြိနေတဲ့
မွန်းကျပ်မှုတွေ
သတိရမှုတွေ
တမ်းတမှုတွေ
လွမ်းဆွတ်မှုတွေကို
နူးညံ့တဲ့ အကြင်နာအသွင်နဲ့
မင်းလေးကို ပေးဆပ်ခွင့်ပြုပါတော့ ညီမလေးရယ် .. .. ။

at 3:49 PM
Reactions:
Links to this post
undefined undefined
ထာဝရချစ်သူ .. .. မင်း

Posted by Welcome Labels: ကဗျာ 2 comments


ဒီညမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဟာ
မနေ့ညက ထွန်းလင်းခဲ့တဲ့ လမင်းကြီးပဲ ဖြစ်တယ်
မင်းနဲ့ကိုယ်နဲ့
တစ်ယောက်ကို တစ်ယောက်
သံယောဇဉ်ရှိနေဆဲ
တစ်ယောက်ကို တစ်ယောက်
လိုအပ်နေဆဲပါ .. ..

စက္ကန့်တံတွေ အလီလီ
မိနစ်တံတွေ အလီလီ
နာရီတံတွေ အလီလီ
အချိန်နရီတွေ အလီလီ
မရပ်မနား ပြောင်းလဲနေသည့်တိုင်
မင်းနဲ့ကိုယ်နဲ့
တစ်ယောက်ကို တစ်ယောက်
ချစ်နေကြဆဲ
တစ်ယောက်ကို တစ်ယောက်
ထာဝရ
လိုအပ်နေဆဲပါပဲ .. .. ။

at 12:55 AM
Reactions:
Links to this post
undefined undefined
ချစ်သူ

Posted by Welcome Labels: ကဗျာ 1 comments

ငှက်လေးတွေ ဝေဟင်ထက်မှာ
မြင့်မြင့်ပျံကြတယ်
ဖမ်းဖို့ ခက်သလို
မင်းလို သူငယ်ချင်းကို
မေ့ဖို့ ခက်လှတယ် ။

ကြယ်လေးတွေ ကောင်းကင်ထက်မှာ
လင်းလက်နေကြတယ်
ဆွတ်ယူနိုင်ဖို့ ခက်သလို
မင်းလို ချစ်သူကို
မုန်းဖို့ ခက်လှတယ် ။

နေမင်းလည်း ပျောက်ကွယ်..
ပင်လယ်လည်း ခန်းခြောက်သွားမယ်ဆိုလည်း
မင်းလို ချစ်သူကို
ဘယ်လိုမှ
မေ့လို့မရနိုင်ဘူး တစ်ကယ် .. .. ။
at 11:44 AM
Reactions:
Links to this post
undefined undefined
ရင်ဖွင့်ဖော် .. .. သို့

Posted by Welcome Labels: ကဗျာ 2 comments

ဘဝမှာ ကိုယ်က ကြင်နာရမယ့်သူ
ကိုယ့်ကို ကြင်နာမယ့်သူ ဆိုတာမျိုးကို
လိုလား တောင့်တမိတတ်ကြတာ သဘာဝပါပဲ ..
ဘဝတိုတိုလေးမှာ တစ်ဦးနဲ့တစ်ဦး
မေတ္တာ၊ အကြင်နာနဲ့ စေတနာတွေမျှဝေပေးရင်း
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမလေးနဲ့
နေသွားရလို့တော့ လောကကြီးဟာ နေပျော်စရာဖြစ်မှာပါ .. ..

ဒုက္ခတွေ ပင်လယ်ဝေလို့
သောကဝန်တွေ ပိနေစမ်းပါစေ
ကြင်နာသူသာ ကိုယ့်အနားမှာရှိနေမယ်ဆိုရင်
ကြုံစမ်းပါစေ လောကဓံတရားတွေ ရဲရဲကြီး ရင်ဆိုင်ဝံ့ပြီပေါ့ .. ..
တစ်ခါတလေတော့လည်း..
မင်းလေး .. မကြိုက်တဲ့ ပန်းတွေကို နှစ်သက်မိတယ်
မင်းလေး .. မကြိုက်တဲ့ ကဗျာတွေကို သီကုံးနေမိတယ်
မင်းလေး .. မကြိုက်တဲ့ စကားတွေကို အထပ်ထပ် ပြောနေမိတယ်
မင်းလေး .. မကြိုက်တဲ့ အပြုအမူတွေ အကြိမ်ကြိမ် လွန်ကျူးနေမိတယ် .. ..

ဒီလိုဆိုတော့
ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုကို ရနိုင်ဖို့ မလွယ်နိုင်မှန်းသိပေမယ့်
အပေးအယူမျှသူနဲ့ အတူရှိနေလို့ကတော့ ပျော်စရာနေ့တွေအများကြီး
ပိုင်ဆိုင်ခွင့်ရမှာတော့ အသေအချာပါပဲ .. ..
ကိုယ်နဲ့ မင်း ..
မိုင်ထောင်ချီကွာဝေးနေရပေမယ့်
စိတ်ချင်း သွယ်ယှက်နေတာမို့
ကိုယ့်အနား မင်းရှိနေသလို မင်းအနား ကိုယ်ရှိနေပါမယ် .. ..

ပျော်တော့လည်းအတူတူ
ဝမ်းနည်းတော့လည်းအတူတူမို့
သောကတွေမျှဝေလို့ရမယ့်
ရင်ဖွင့်ဖော်ရယ် .. ..
အဝေးတစ်နေရာမှာ
မင်းလေးကို ရင်နဲ့အမျှ
အချိန်တိုင်း
တမ်းတမ်းတ လွမ်းဆွတ်ကြောင်း သိစေချင်တယ် .. .. ။
at 2:54 PM
Reactions:
Links to this post
undefined undefined
ဝိညာဉ်နဲ့အတူနေမယ်

Posted by Welcome Labels: ကဗျာ 0 comments

အခန်းငယ်ထဲမှာငါ
ဖြတ်ဝင်လာတဲ့ လရောင်ကို
လက်ပြန် ရိုက်ချလိုက်တာ
ဆို့နင့်တဲ့ ရှိုက်သံနဲ့
ငိုစရာရှိတာ မငိုရဲတဲ့အဖြစ် .. ..

မင်းမျက်ရည်ထဲ
တစွတ်စွတ် ငါလျှောက်ခဲ့သလို
ငါ့အတွေးတွေ
မီးခိုးငွေ့လို မင်းလွင့်ပျောက်ခဲ့တယ် .. ..

မင်းနဲ့ငါ
ကာရန်မဆန်တဲ့
လူသားဝါဒနဲ့ အနုပညာ
ချစ်ခြင်းအတွေးနဲ့
တစ်ယောက်အဓိပ္ပာယ် တစ်ယောက်လေးနက်ခဲ့တယ် .. ..

အပြစ်ကင်းတဲ့
မင်းရယ်သံတွေ
အတိုင်းသား ကြားနေရတုန်းပဲ
မင်းအကြောင်းတွေးရင်း အိပ်မဖြစ်တဲ့ညတွေ
ငါကော်ဖီတစ်ခွက် ဖျော်လိုက်တယ်
အိပ်ပျော်နေတဲ့ မင်းဝိညာဉ်ကို
တယုတယ ငါဖမ်းဆုပ်ဖို့
ကော်ဖီတစ်ဝက်သောက်တယ်
မင်းနာမည်ကို တိုးတိုးငြီးဖို့
ငါ့မှာ ဆွံ့အသွားခဲ့တယ်
အဝေးတစ်နေရာက မင်းလေးရယ်
သိစေချင်တယ် .. .. .. ။
(၂၅-၈-၂၀၀၈၊ တနင်္လာနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)
at 2:51 PM
Reactions:
Links to this post
undefined undefined
ပထမအချစ်နဲ့ ဒုတိယဆု

Posted by Welcome Labels: ကဗျာ 9 comments


လုံလောက်တဲ့ အကြောင်းပြချက်မဲ့
ဘာကြောင့်မှန်းလဲ မသိ
ချစ်ခြင်းရဲ့ ဝေဒနာ အတ္ထုပ္ပတ္တိက
မင်းမနှစ်သက်တဲ့ ကဗျာတွေကို မွေးဖွား
မင်းနဲ့ အဝေးတစ်နေရာမှာ
မင်း အရေးမလုပ်တဲ့ နှလုံးသားဟာ
ချစ်သူရေ ..
မကြာခဏ လွမ်းနာကျရတယ် .. .. ။

အပိုင်တွက်လို့မရတဲ့အထဲမှာ
ကံကြမ္မာ ပါတယ်
သဘာဝတရား ပါတယ် .. .. ။

များများပေးပြီး နည်းနည်းရတဲ့ ကဏ္ဍမှာ
ဘဝ ပါတယ်
အချစ် ပါတယ် .. .. ။

ဆောင့်ကြောင့်ရယ်ထိုင်
ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်
ငိုချင်စိတ်က ပြင်းပြင်းပြ
ဖိတ်ကျတဲ့ မျက်ရည်သံစဉ်တွေ
ရယ်မောခြင်း တေးသွားနဲ့ ထိန်းချုပ်
ခပ်ချာချာ သီချင်းတစ်ပုဒ်ကိုညည်းထွား
ရူသွပ်ခြင်းအမည်ရတဲ့ ကဗျာတစ်ပုဒ်နဲ့
မင်းရိုက်နေတဲ့ စာလုံးကိုငေးပြီး
အချိန်အတော်များများ မင်းအတွက်ပေးဆပ်ရင်း
ချစ်သူရေ
ကိုယ် ဒုတိယဆုနဲ့ပဲ နှစ်သိမ့်နေရတယ် .. .. ။
at 9:45 AM
Reactions:
Links to this post
undefined undefined
ခိုနားခွင့်ပြုပါ

Posted by Welcome Labels: ကဗျာ, နှစ်သက်မိသောကဗျာ 0 comments


ကမ္ဘာလောကမှာ

အရောင်အသွေး

အဆင်းအနံ့ နဲ့

ပြည့်စုံတဲ့ပန်းတွေ

ပွင့်နေပေမယ့် ဟောဒီက....

အလှဆုံး အမွှေးဆုံး....

အထူးခြားဆုံး ဖြစ်တဲ့...

မင်းလေးရဲ့ ရင်ခွင်မှာ

ကိုယ် ထာဝရ......

ခိုနား ချင်ပါတယ်.....

ကိုယ် လူရောစိတ်ပါ

နွမ်းလျှ တဲ့အခါ....

မင်းလေး ရဲ့....

ရင်ခွင်မှာ မှေးစက်

ခိုနားခွင့်....

ဘယ်တော့ များမှ

ရမှာလဲ.......

မိန်းကလေး ရယ် .. .. .. ။

သူငယ်ချင်း မီးတောက် ရဲ့ ကဗျာလေးတွေထဲက ကဗျာတစ်ပုဒ်ပါ၊ ရင်ခုန်သံချင်း ထပ်တူမို့ သူငယ်ချင်း မီးတောက် ခွင့်ပြုလို့ မျှဝေလိုက်ပါတယ်။ ကဗျာမနှစ်သက် ပေမယ့်လည်း ခံစားပေးပါအုန်းလို့ .. ..
at 3:30 PM
Reactions:
Links to this post
undefined undefined
စိတ်စေစားရာ

Posted by Welcome Labels: ကဗျာ 5 comments

အမှတ်ရခြင်းမှာ
မင်းသဏ္ဍာန်လေးကို
ဘောင်ခတ်ခဲ့မိတဲ့
ငါ့ နှလုံးသားရဲ့ တပ်မက်မှုပါ။

ပြန်မလာချင်တော့မှန်း သိပေမယ့်
မျှော်နေတတ်တဲ့ အကျင့်ဟောင်းတစ်ခုရဲ့
ရင်မှာ ကပ်ထားမိတဲ့ ဝေဒနာကို
ပြန်ခွာလိုက်ဖို့ ခက်ပြီ …မေ။

အသေချာ စစ်ခင်းပြီးမှ
မတိုက်ဖြစ်ခဲ့တဲ့ ရင်တွင်းစစ်မှာ
ငါကတော့ .. ..
ရာဇ၀င်လေး တွင်ရစ်လို့
အမှိုက်လေးကစ
ပြဿဒ်ခေါင်ထိ
ဘ၀တစ်ခုလုံး ပြာကျအောင်
အချစ်က လောင်ကျွမ်းစေပြီလား .. .. ။


(တစ်ဦးတစ်ယောက်မျှ ရည်ရွယ်ရိုး မရှိပါ)
at 2:40 PM
Reactions:
Links to this post
undefined undefined
ဒုက္ခခေါင်မိုးအောက်ကကျွန်တော်

Posted by Welcome Labels: ကဗျာ 1 comments



တိမ်တွေညိုရင်
ရင်ဖိုမိတယ်
အေးစက် တိတ်ဆိတ် အခန်းကျဉ်းထဲ
လျှပ်စီးတံစဉ်
မိုးချိန်းသံတွေနဲ့
ငြိုငြိုငြင်ငြင် ရင်းနှီးရဦးမယ် ။

ငယ်ငယ်က မိုးညိုရင်
မိုးသီချင်းကို ကြောက်စိတ်ရယ်လုံဖို့
အော်အော်ဆိုမိတယ် ။

အဲဒီမိုးနဲ့
စိတ်လို လက်ရ တရင်းတနှီး
တကယ်တော့
ဥပက္ခောတရားဟာ
ထီးတစ်လက်မဟုတ်သလို
မိုးကာတစ် တစ်ထည်လည်း မဟုတ်ခဲ့ဘူး။

ပုံမှန် ကမ်းမှန်ဘ၀မှာ ၀မ်းရေကမစပ်
စိတ်နဲ့ကိုယ်နဲ့ နေသားကျဖို့ရာ
တစ်ဦးတစ်ယောက်မျှ
ဖ၀ါးမနာ ချိန်တန်ပြီမို့
ပစ်ရက်ခွာပြီ ။

မိုးတောင်ကခြုန်းရင်
တိုးဝှေ့ဖို့ ဟန်ပြင်
ထွေးပွေ့ရင်ခွင် မဲ့
အင်း .. .. .. ခုမှ
သူ, ငါပြောတဲ့ ဂျာအေးဆိုတာ
ကျွန်တော် ဖြစ်နေပါရော့လား .. .. … ။


ဝန်ခံချက် ။ ပုံကို www.surgeonsblog.blogspot.com မှရယူဖော်ပြပါသည်။
at 11:10 PM
Reactions:
Links to this post
undefined undefined
ရင်နင့်ပန်းတစ်ပွင့်

Posted by Welcome Labels: ကဗျာ 1 comments



နားလည်မှုလွဲခဲ့တဲ့ တစ်ခဏ
"ခွမ်း" ကနဲဆို
ရင်ထဲက မြည်သံစွဲ အလင်္ကာ
ကြေမွပြီ ငါ့မှာ ..

မြေပေါ်လူးလိမ့်
ငါ့ချစ်ခြင်းတွေ တကွဲတပြား
ငါ့ဘ၀ တစ်ခုဟာ
ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲကျလို့
တိတ်ဆိတ်ညရဲ့ လေဟာပြင်ထဲ
ဒါဟာ
ငါ့ရဲ့ နောက်ဆုံးမွတ်သိပ်မှုပါ
ပန်းကလေးရယ် ..

အလိုမတူပါဘဲ
ငါ့ကို
အားရ ကျေနပ်စွာ ဝှေ့ယမ်းပြီးမှ
ကြင်နာမဲ့ တွန်းထုတ်ခဲ့ပြီ..
နင်ဟာ
ပြတင်းပေါက်ရှိရာ
ပြေးထွက်ကျော်တက်
မည်းမှောင် ပိန်းပိတ်တဲ့
ငါ့ရဲ့ အခန်းကျဉ်း ခန်းစည်းကို
မင်းလေးရဲ့
တဏှာမဲ့ အေးစက်တဲ့
လက်ချောင်းတွေနဲ့ တွန်းဖယ်ထွက်ရင်း
လျှို့ဝှက်စွာ နှုတ်ဆိတ်လျက်
အလိုမတူပါဘဲ … ငါက……… ။

ဝန်ခံချက် ။ ဖော်ပြပါပုံကို www.hugoeiji.wordpress.com မှ ရယူထားပါတယ်။
at 3:24 PM
Reactions:
Links to this post
undefined undefined
ပထမဆုံးအလွမ်း

Posted by Welcome Labels: ကဗျာ 1 comments


ပထမဆုံးအလွမ်း

လှောင်ရီသံတစ်ချို့က
အလွမ်းခါးခါးတွေ သယ်လာပြီး
ငြင်းဆန်တဲ့စကားလုံးတွေက
မျက်ရည်စတွေ သယ်ဆောင်လာတယ် ။
အမှတ်ရခြင်းတွေ ရပ်နားဖို့
ငါ့မှာ ဘူတာမရှိဘူး ။
(နင်ကလဲ)နင့်ယုံကြည်ချက်အတွက်
(ငါကလဲ)ငါ့မာနတွေအတွက်
သံယောဇဉ် တစ်ခုကို စတေးဖြစ်တော့မယ် ။
နက်ပေါ်ရောက်တိုင်း
ငါ .. .. အကြိမ်ကြိမ် ရူးသွပ်ခဲ့
ဒီလိုနဲ့ပဲ
ငါဟာ .. ..
နောင်တတွေ ချိုမြိန်စွာ စားသုံးရင်း
အရာရာ ပြင်ဆင်ခွင့်မရ ခင်
ချစ်သူရဲ့ ဆံကေသာကို
ခွင့်ပြုချက်မဲ့
ခံစားချက်ကင်းတဲ့
အနမ်းပန်းများစွာနဲ့
လက်ပြနှုတ်ဆက် လွမ်းခဲ့ဖူးပြီ .. .. .. ။

ဝန်ခံချက် ။ ပုံကို www.embraceyourlove.com မှ ရယူထားပါတယ်။
at 9:48 AM
Reactions:
Links to this post
undefined undefined
သူနဲ့ ကိုယ်နဲ့

Posted by Welcome Labels: ကဗျာ, နှစ်သက်မိသောကဗျာ 3 comments


သူနဲ့ ကိုယ်နဲ့

သူက အချစ်အကြောင်းကို စိတ်ဝင်စားတယ်
ကိုယ်က သူ့အကြောင်းကို စိတ်ဝင်စားတယ်

သူက ကိုယ့်အကြောင်းကို အားလုံးသိချင်တယ်
ကိုယ်က သူ့အကြောင်းကို သိနေတယ်

သူက သူ့အကြောင်းကို ဇာတ်နာအောင် ပြောတယ်
ကိုယ်က မျက်ရည်မကျအောင် ထိန်းရတယ်

သူက ဒိုင်ယာရီကို ခပ်စိပ်စိပ် ရေးတယ်
ကိုယ်က ကဗျာကို ခပ်ကျဲကျဲ ရေးတယ်

သူက ပေါ်လီယာနာ ၀တ္ထုကို ကြိုက်တယ်
ကိုယ်က တော်တီလာဖလက် ၀တ္ထုကို ကြိုက်တယ်

သူက အချစ်တွေကို လွတ်ပေးချင်တယ်
ကိုယ်က အချစ်တွေကို လှောင်ထားချင်တယ်

သူက အနာဂတ်အကြောင်းကို ဆွေးနွေးတယ်
ကိုယ်က ပစ္စုပ္ပန်အကြောင်းကို ပန်းချီဆွဲပြတယ်

သူက ပုံပြောတာကို မကြိုက်ဘူး ပြောတယ်
ကိုယ်က ပုံပြောတာကို နားထောင်ချင်တယ်

သူက အခု မကြာခဏ ရစ်ချင်နေတယ်
ကိုယ်က အခု ခဏခဏ မူးချင်နေတယ်

သူက တံခါးကို အမြဲ ပိတ်ထားချင်တယ်
ကိုယ်က လေကောင်းလေသန့်ရှူချင်တယ်

သူက အခု ကျန်ခဲ့တယ်
ကိုယ်က နောက်ဆုံးထွက်လာခဲ့တယ်

(ဘိုသစ်နိုင်)

ကျွန်တော်နဲ့ခွင်ကျ မဟုတ်ပေမယ့် တော်တော်များများလောက်ကို တိုက်ဆိုင်နေလို့ မျှဝေလိုက်ပါတယ်။ ပို့စ်တင်ဖို့ စာမဖတ်အား နိုင်တာကြောင့် နှစ်သက်မိတဲ့ကဗျာလေးကို အားပေးပါအုံးလို့ .. ..
at 1:48 PM
Reactions:
Links to this post
undefined undefined
ဖိုးမောင်လာပြီ

Posted by Welcome Labels: ကဗျာ, နှစ်သက်မိသောကဗျာ 3 comments

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။

တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့
ငါးစိုး ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ
မောင်းကိုထုပါ ၊ လူစုပါဟေ့
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့
ဓားပြငါ့အား ၊ ဖမ်း၍ထားဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒိုင်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင် ။ ။

( မင်းသုဝဏ်/၁၉၆၂၊ဒီဇင်ဘာ-၅ )

စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ လူသားတို့ဟာ လူသားအချင်းချင်း လူပီသစွာ စောင့်ရှောက် ကာကွယ်ပေးကြ တယ်။ အေးအတူ ပူအမျှ နေထိုင်စားသောက်ကြရင်း တစ်ဦးကိုတစ်ဦး ကူညီ ရိုင်းပင်းကြ ကုန်တယ်။ ထိုလူသား များ ရှိတဲ့ ပတ်ဝန်းကျင် သည် ငြိမ်းချမ်း သာယာခြင်း ရှိကုန်ပြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ကုန်တယ်။ ဒါကြောင့် စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူသားတို့ ဤလူ့လောကတွင် အများအပြားပင် လိုအပ်ပါတယ်။ လူသား အချင်းချင်း ကာကွယ်ပေးခြင်းသည် မွန်မြတ်သော မင်္ဂလာတရား ဖြစ်ပါတယ်။ ကူညီ စောင့်ရှောက် တတ် တဲ့သူကို လည်း လူအများက နှစ်လို ချစ်ခင်ကြတယ်။

ကဗျာကဝိကြီး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ လူအချင်းချင်း စောင့်ရှောက်ကာကွယ်သူအကြောင်း ဂုဏ်ပြု ကဗျာလေး ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။
at 1:21 PM
Reactions:
Links to this post
undefined undefined
(မ) တဖြစ်လဲ လမ်းပြကြယ်

Posted by Welcome Labels: ကဗျာ 0 comments



ကျွန်တော် စိတ်ဓာတ်ကျတဲ့အခါတိုင်း
(မ) ကအမြဲတမ်း နှစ်သိမ့်အားပေးတယ်။

ကျွန်တော် အခက်အခဲကြုံတိုင်း
(မ) က အမြဲတမ်း ကူညီပေးခဲ့တယ်။

ကျွန်တော် အထီးကျန်နေချိန်တိုင်း
(မ) က အမြဲတမ်း အဖော်ပြုပေးတယ်။

(မ) ဟာ ကျွန်တော့်အတွက် အရာရာ ဖန်တီးပေးနိုင်တဲ့သူပါ
ကျွန်တော့်ရဲ့ လမ်းပြကြယ်လေးပေါ့

ဒါပေမယ့်လေ
အခုတော့ (မ)ဘယ်မှာလဲ
ညတိုင်း ကောင်းကင်ကို မော့ကြည့်ပြီး
ကျွန်တော့်ရဲ့ လမ်းပြကြယ်ကို ရှာနေမိတယ်
လမ်းပြကြယ် တစ်ဖြစ်လဲ (မ) ရယ်
အမှောင်ဖုံးတဲ့ အခုလိုညမျိုးမှာ
ရှောင်ပုန်းတတ်တဲ့
(မ)ကို လိုအပ်နေလို့ပါ … (မ) ရယ် .. ။

( တိုက်ဆိုင်ခဲ့မယ်ဆိုရင် ခွင့်လွတ်ဖို့ ကြိုတင်တောင်းဆိုပါတယ် ။ ။ )
at 3:24 PM
Reactions:
Links to this post
undefined undefined
ချစ်သူ့အပြုံးအလှဆုံး

Posted by Welcome Labels: ကဗျာ, နှစ်သက်မိသောကဗျာ 0 comments

ချစ်သူ့အပြုံးအလှဆုံး

ချစ်သူမျက်နှာ ၊ လပမာသို့

စိတ်မှာစွဲထင် ၊ ပျော်မြူးရွှင်၏။

ချစ်သူအပြုံး ၊ ကြယ်တစ်လုံးသို့

သီကုံးပန်းသွင် ၊ ချမ်းမြေ့ရွှင်၏။

ချစ်သူ့ရယ်ဟန် ၊ ဆည်းလည်းသံသို့

သံစဉ်ချိုမြ ၊ နားဝင်လှ၏။

ချစ်သူဘဝင် ၊ ပြုံးပျော်ရွှင်သော်

ကိုယ်လျှင်ကြည်နူး ၊ အသွင်ကူး၏။

အပြုံးကွယ်ပျောက် ၊ သူစိတ်ကောက်သော်

စိတ်နောက်ကိုယ်နွမ်း ၊ မရွှင်လန်းခဲ့။

လောကကမ္ဘာ ၊ လှရာရာတွင်

မာယာကင်းရှင်း ၊ ပြုံးပျော်ခြင်းနှင့်

ရင်တွင်းရွှင်ပျော် ၊ စိတ်ထားတော်သည့်

ကြင်ဖော်အပြုံး ၊ အလှဆုံးဖြစ်။

အလှဆုံးအပြုံး ၊ သက်ထက်ဆုံးတိုင်

အမုန်းဝေးကွာ ၊ လှမျက်နှာဖြင့်

နေလာအခိုက် ၊ ကြင်နာလိုက်ကြ

ထွေးပိုက်ပျော်ရွှင် ၊ ထာဝစဉ် ။ ။